သထုံမြို့နယ်၌ ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် ဖိတ်ခေါ်ပိုက်ကျော်ခြင်း ပြိုင်ပွဲကျင်းပ

သထုံ ဇန်နဝါရီ ၈

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ်၊ (၈၆) နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အဖြစ်ပြုလုပ်သည့် အလွတ်တန်း ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်က ဘင်လှိုင်ရပ်ကွက်ရှိ မြို့နယ်အားကစားခန်းမ၌ စတင်ကျင်းပသည်။

ဖိတ်ခေါ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနာယက ဦးစောစံတင်က အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးဆန်းဝင်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ တာဝန်ရှိသူတို့က ပြိုင်ပွဲဝင်အသင်းများကို လိုက်လံအားပေးနှုတ်ဆက်သည်။

ယင်းနောက် ပြိင်ပွဲကိုဆက်လက်ကျင်းပရာ ပထမဆုံးပွဲစဉ်အဖြစ် အုပ်စု(ခ)မှ Mega လူငယ်အသင်းနှင့် Best လူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အဆိုပါ ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲကို ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းမှ အသင်း ၇ သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြကာ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)