လားရှိုးတွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ထန်းပင်မြစ်များ ရောင်းချ

လားရှိုး ဇန်နဝါရီ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသထွက် ထန်းပင်မြစ်များ ရောင်းချလျက်ရှိကြောင်းသိရသည်။

ထန်းပင်မြစ်ကို မန္တလေးတိုင်းဒေသကြီးအတွင်းမှ အများဆုံး တင်ပို့ရောင်းချလေ့ရှိကြပြီး လားရှိုးမြို့တွင် ထန်းပင်မြစ်တစ်စည်းလျှင်  သုံးထောင်ကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

ထန်းပင်မြစ်ပြုတ်များကို လားရှိုးမြို့ရှိ ညဈေးတွင် အများဆုံးရောင်းချလေ့ရှိကြပြီး ထန်းပင်မြစ်ပြုတ် တစ်ချောင်းလျှင် ငါးရာကျပ်ဖြင့် ရောင်းချကြကြောင်း သိရသည်။

မြန်မာ့ဆေးကျမ်းများတွင်  ထန်းပင်မြစ်သည် သလိပ်ကိုကြေစေပြီး အားဖြစ်စေကြောင်း၊ အစာကြေလွယ်ခြင်း၊ ခန္ဓာကိုယ်အတွက် လိုအပ်သော ဘီတာမင်ဘီဓါတ်ပေါင်းအပြင် အဆီဓါတ်နှင့် ပရိုတိန်းဓါတ်များလည်းပါရှိကြောင်း၊ အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေကြောင်း သိရသည်။

စိုင်းထွန်း (လားရှိုး)