ကြံခင်းမြို့နယ် (အ.ထ.က)ခွဲ ကရင်စုကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်

ကြံခင်း   ဇန်နဝါရီ     ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်များဗလငါးတန် ဖွံဖြိုးတိုးတက်စေရန်နှင့် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့် ကောင်းများရရှိစေရန် ရည်ရွယ်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာအုပ်စု၊ (အ.ထ.က)ခွဲ ကရင်စုကျောင်း ခန်းမတွင်ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ (အ.ထ.က)ခွဲ ကရင်စုကျောင်း  (တာဝန်ခံ)ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်က ဗလငါးတန်နှင့်ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်သောအနာဂတ် ကျောင်းသား/သူများဖြစ် လာစေ‌ရန်ပြောကြားပြီး၊  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့်ရရှိမည့်အကျိုး ကျေးဇူး(၇)မျိုးအား ရှင်းလင်း ပြောကြားပါသည်။

ထိုနောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်(တာဝန်ခံ)ဦးကျော်နိုင်ဝင်း စားသုံးရန်မသင့် သောအစားအစာများနှင့် စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ၊(Book Club) အဖွဲ့ဥက္ကဋ္ဌဦးအေးမြင့်အောင်(မိုးမြေသစ္စာ)က "လူငယ်နှင့်စာဖတ်ခြင်း၏ တန်ဖိုး"အား အသိပညာပေး ဟောပြောခဲ့သည်။

ဟောပြောပွဲသို့ ကြံခင်းမြို့နယ်သောကြာဒူးကျေးရွာအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ၊(အ.ထ.က)ခွဲ  ကရင်စုကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊  ကျောင်းသား/သူ(၁၅၀)ဦး တတ်ရောက်ခဲ့ကြောင်းနှင့် အသိပညာပေးပြသထားသော နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)