ကံမမြို့နယ်၌ အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံရောင်းချပွဲအခမ်းအနား ကျင်းပ

ကံမ ဇန်နဝါရီ ၉

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေးလိုင်စင်များအား သက်တမ်းတိုး၊ ဈေးပြိုင်၊ တင်ဒါစနစ်ဖြင့် လေလံရောင်းချပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌနှင့် ကော်မတီဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်လှိုင်က လေလံစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်မင်းလှိုင်က သားသတ်လိုင်စင်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေး လိုင်စင်လုပ်ငန်း (၃၈) ခုတို့အား တက်ရောက်လာကြသည့် လုပ်ငန်းရှင်များအား လေလံတင်ရောင်းချခဲ့ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)