ပုသိမ်ကြီးမြို့နယ်တွင် ဥပ္ပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ပုသိမ်ကြီး ဇန်နဝါရီ ၉

မန္တလေးတိုင်းဒေသကြီး၊အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ဥပ္ပါတသန္တိ ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က သီရိမင်္ဂလာ သရက်တောကျောင်းတိုက်ရှိ နာယကာဝါသ ကျောင်းဆောင်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားအား နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ပြီး၊ သီရိမင်္ဂလာသရက်တော ကျောင်းတိုက် ဦးကေသရက စိန်ရောင်ခြယ် ဘုရားပင့်ဂါထာဖြင့် ဘုရားရှင်အား ပင့်ဖိတ်ကြားတော်မူသည်။ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တဃောသိတ ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြသည်။ တရားတော်မြတ် နာယူရန် နတ်ဗြဟ္မာများကို မဏိရတနာကျောင်းတိုက် ဘဒ္ဒန္တက္ကုန္တကမှ ပင့်ဖိတ်ကြားကာ၊ ဥပ္ပါတသန္တိ ကျမ်းမြတ်အား ပင့်သံဃာတော်များက ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦး၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဝေယံမင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။ အဆိုပါ ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်းကို ၂၇ ရက်ကြာ ကျင်းပပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)