ကျောက်ဆည်မြို့နယ် ဆုတောင်းပြည့်မဟာရွှေသိမ်တော် ဘုရားကြီးတွင် ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ကျင်းပ

ကျောက်ဆည် ဇန်နဝါရီ  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့မြောက်ဘက် ရန်ကုန်-မန္တလေးကားလမ်းအနီး သင်တောင်းကြီးကျေးရွာ အုပ်စု၊ သင်တောင်းကျေးရွာတွင် တည်ရှိသောဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရားကြီး၏ မဟာရွှေသိမ်တော်မြတ်စွာဘုရားဓမ္မာရုံကြီးတွင် ယနေ့နံနက် ၉ နာရီအချိန်က ဥပ္ပါတသန္တိကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး သံဃဝန်ဆောင် ရဲစုရပ် ပညာလင်္ကာရစာသင်တိုက်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီကျောင်းတိုက် ဘဒ္ဒန္တပညာသာမိ ဆရာတော်နှင့် အဖွဲ့ဝင်ဆရာတော်များ၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်များမှ ဆရာတော်ကြီးများ စုစုပေါင်း ပင့်သံဃာ(၂၇)ပါး ကြွရောက်တော်မူခဲ့ကြောင်း  သိရသည်။

အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ကျောက်ဆည်မြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဘဒ္ဒန္တဣန္ဒ ဆရာတော်မှ စိန်ရောင်ခြည်ဘုရားပင့်ဂါထာဖြင့် ဘုရားပင့်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီကျောင်းတိုက် ဘဒ္ဒန္တပညာသာမိ ဆရာတော်ထံမှ ငါးပါးသီလတရားခံယူဆောက်တည်ခဲ့ကြောင်းနှင့်တရားတော်မြတ်နာယူရန် နတ်ဗြဟ္မာများအား တောင်လွှဲကျေးရွာ မစိုးရိမ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမာလာက ဖိတ်ကြားခဲ့ပြီး ကျောက်ဆည်မြို့နယ် သံဃနာယကအဖွဲ့၊ အကျိုးတော်ဆောင် ဘဒ္ဒန္တဣန္ဒ ဆရာတော်မှ စတင်၍ ဥပ္ပါတသန္တိကျမ်းမြတ်အား စတင်ရွက်ဖတ် ပူဇော်ခဲ့ကြောင်း သိရသည်။

ဥပ္ပါတသန္တိကျမ်းမြတ်ရွက်ဖတ်ပူဇော်ပွဲအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဆုတောင်းပြည့်မဟာရွှေသိမ်းတော်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေနှင့်အဖွဲ့ဝင်များအလှူရှင်များ တက်ရောက်ခဲ့ကြောင်းနှင့် ဥပ္ပါတသန္တိကျမ်းမြတ်ရွက်ဖတ်ပူဇော်ပွဲအခမ်းအနားကို ဇန်နဝါရီ(၉)ရက်နေ့မှ ဖေဖော်ဝါရီ(၂)ရက်နေ့အထိ (၂၇)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည် ဖြစ်ကြောင်းသိရသည်။

သက်မောင်ခရိုင်(ပြန်/ဆက်)