ပေါင်းတည်၌ မွေးစအရွယ်မှ ၁ နှစ်ခွဲကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး

ပေါင်းတည် ဇန်နဝါရီ ၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဆေးထိုးစုရပ်၌ မွေးစအရွယ် အသက် ၂ လ မှ ၁ နှစ်ခွဲ ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ယမန်နေ့ ၇ နာရီမှစ၍ ပုံမှန်ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးကြကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးမှုသည် မွေးစကအသည်းရောင်အသည်းဝါ (ဘီ)မထိုးနှံခဲ့ရသော အသက် ၂ လ ကလေးများအပါအဝင်၊ အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ကလေးများကို ဘီစီဂျီ၊ ပိုလီယို၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ)နှင့် ငါးမျိုးစပ်ကာကွယ်ဆေးများ၊ ၉ လ အရွယ်ကလေးများကို ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးများနှင့် ၁ နှစ်ခွဲကလေးများကို ငါးမျိုးစပ်ကာကွယ်ဆေးများကို ပုံမှန်ဆေးထိုးနှံပေးခြင်းဖြစ်ကြောင်း မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းထံမှ သိရသည်။

ယနေ့တွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းစုရပ်၌ အသက် ၂ လ အရွယ်မှ ၁ နှစ်ခွဲအထိ စုစုပေါင်းရင်ခွင်ပိုက်ကလေး ၇၅ ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် ၂၇ ဦးတို့ကို ပုံမှန်ကာကွယ်များထိုးနှံပေးခြင်း၊ ဆေးတိုက်ခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)