ငွေဆောင်မြို့တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဟိုတယ်ဆိုင်ရာ ရှရှားဘာသာစကား (အခြေခံ) သင်တန်းဖွင့်ပွဲ အခမ်းအနားအား တက်ရောက်ဖွင့်လှစ်

ငွေဆောင် ဇန်နဝါရီ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ စီစဥ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ရှရှား ဘာသာစကား (အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့ နံနက်ပိုင်းက ယမုံနာဦး ဟိုတယ်တွင် ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ငွေဆောင်မြို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်ငန်းရှင် များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပြီးရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြား ပြီးနောက် အခမ်းအနားသို့ တက်ရောက်လာကြသော မြို့ဌာနဆိုင်ရာများ၊ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်းရှင်များအား လိုအပ်သည်များကို မှာကြားခဲ့သည်။ အဆိုပါ ရှရှားဘာသာစကား (အခြေခံ) သင်တန်းအား ဇန်နဝါရီလ()ရက်နေ့မှ ဖေဖော်ဝါရီလ()ရက်နေ့ထိ နံနက်(၁၀)နာရီမှ (၁၂)နာရီထိ တစ်ချိန် နေ့လယ် ()မှ ()နာရီထိ တစ်ချိန် တနေ့ ၂ ချိန် သင်ကြားပေးသွားမည်ဖြစ်ကာ ငွေဆောင် ဟိုတယ်ဇုန်မှ ဝန်ထမ်း(၃၀)ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

ထို့နောက် နေ့လယ်ပိုင်းတွင် ကမ်းခြေခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေးအတွက် တိုင်းဒေကြီး ဝန်ကြီးချုပ်နှင့် ဟိုတယ်နှင့်ခရီးသွားလာရေး ဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊ မြို့ဌာနဆိုင်ရာများ၊ ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းရှင်များ၊ တည်းခိုခန်းလုပ်ငန်းရှင်များ၊ စားသောက်ဆိုင် လုပ်ငန်းရှင်များ၊ ဒေသထွက်လက်မှုပစ္စည်း ထုတ်ကုန်လုပ်ငန်းရှင်များနှင့်  အခမ်းအနားသို့ တက်ရောက်လာကြသည့် ဟိုတယ်/ တည်းခိုခန်း/ စားသောက်ဆိုင်/ လုပ်ငန်းရှင်များမှ မိမိတို့လုပ်ဆောင်နေရသည့် လုပ်ငန်းစဥ်များအကြောင်း၊ လိုအပ်ချက်များအကြောင်း ဆွေးနွေးတင်ပြခဲ့ ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာတာဝန်ရှိ သူများမှ ဆွေးနွေးတင်ပြချက်များအား ဖြေကြားရှင်းလင်းကာလိုအပ်သည်များကို မှာကြား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။         

R – 014 (ငွေဆောင်)