ပုသိမ် ဇန်နဝါရီ ၁၀
PATHEIN LEAGUE 2023 အမျိုးသားဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ်အဖြစ် New Blood F.C နှင့် Ranger F.C အသင်းတို့သည် ယမန်နေ့ ညနေပိုင်းက ကိုးသိန်းအားကစားကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ကြပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့် အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး ဆုများ ချီးမြှင့်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် New Blood FC နှင့် Ranger FC အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှု ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်း အနားကို ဆက်လက်ပြုလုပ်ရာ ပဉ္စမဆုရရှိသည့် Chaung Thar F.C အသင်းအား ငွေသားဆုကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကလည်းကောင်း၊ စတုတ္ထဆုရရှိသည့် Top Star F.C အသင်းအား ငွေသားဆုကို လူမှုရေးရာ ဝန်ကြီးကလည်းကောင်း၊ ဂိုးသွင်းအများဆုံးအားကစား သမားဆုနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုကို များအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို PATHEIN LEAGUE 2023 ကျင်းပရေးနာယက ဦးအောင်အောင်က လည်းကောင်း၊ အသန့်ရှင်းဆုံ အားကစားသမားဆု၊ ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်းအကောင်းဆုံး အားကစား သမားဆုနှင့် ရှေ့တန်းအကောင်းဆုံး အားကစားသမားဆုရရှိသူများကို တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ကလည်းကောင်း၊ တတိယဆုရရှိသည့် KKL F.C အသင်း အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် Ranger F.C တစ်ဦးချင်းဆုနှင့် ငွေသားဆုကို အနောက်တောင်တိုင်းစစ် ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ ပထမဆု ရရှိသည့် New Blood F.C အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် ဆုဖလားအား တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။
လှမင်းထွဋ်(ပြန်/ဆက်)