ငါ့သရောက်မြို့ ဇန်နဝါရီ ၁၀
မန္တလေးတိုင်းဒေကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့တွင် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ် မြို့အဆင့် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၉) နာရီ အချိန်က အ.ထ.က(ခွဲ) ဆည်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားအား အ.ထ.က(ခွဲ) ဆည်ကျေးရွာမှ အလယ်တန်းအဆင့် ကျောင်းသူလေးများမှ ပညာရေးစုံညီပွဲတော် သီချင်းဖြင့် သီဆိုဖျော်ဖြေ ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး အ.ထ.က (ခွဲ) အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဒေါ်တုတ်တုတ်က စုံညီပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ်(ကျောင်းအဆင့်) လူရည်ချွန် ထူးချွန်ဆုနှင့် အားကစားပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊သူများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)