မအူပင် ဇန်နဝါရီ ၁၀
ဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကွန်ပျူတာတက္ကသိုလ် (မအူပင်)တို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွန်ပျူတာတက္ကသိုလ်(မအူပင်)၏ ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကွန်ပျူတာတက္ကသိုလ်(မအူပင်) ပါမောက္ခချုပ် ဒေါက်တာ သန္တာသိန်းက အဖွင့်အမှာ စကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်း အစီအစဥ်အားကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက AI ၊ Digital Transformation၊ Cyber Security၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ခေါင်းစဥ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသစာအုပ်စာစောင်များနှင့် အသိပညာပေး နံရံကပ်စာစောင်များအား တက်ရောက်လာကြသူများ က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်