မံစီ ဇန်နဝါရီ ၁၁
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအမှတ် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြပွဲတွင် (၇၆)နှစ်မြောက် ကချင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ကချင်ပြည်နယ်ဖြစ်ပေါ်လာပုံ၊ ကချင်တိုင်းရင်းသားတို့၏ ကချင်ရိုးရာစာပေ၊ ဝတ်စားဆင်ယင်မှုနှင့် အစားအစာများ၊ ထုံးတမ်းအစဉ်အလာတို့ကို သိရှိတန်ဖိုးထား ချစ်ခင်မြတ်နိုးဂုဏ်ယူတတ်စေရန် ရည်ရွယ်၍ ကချင်တိုင်းရင်းသားရိုးရာယဉ်ကျေးမှု စာပေများ၊ ရိုးရာပွဲတော်၊ ရိုးရာပုံပြင်များ၊ရုပ်ပြများနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် အသစ်ထပ်မံရောက်ရှိလာသော ဗဟုသုတရဖွယ် စာအုပ်စာစောင်များ၊ ကဗျာစာအုပ်များကို ခင်းကျင်းပြသခဲ့ရာ ပြည်သူများ၊ ကျောင်းသား/သူ၊ လူငယ်များ စိတ်ဝင်တစား လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။ ထို့ပြင် စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်ပြသခြင်းကို ညနေ ၄ နာရီအချိန်ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)