မိုင်းယောင်း ဇန်နဝါရီ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ယမန်နေ့တွင် သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်နှင့်အဖွဲ့ဝင်များသည် ဒွန်းနွဲ့ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် ဒွန့်နွဲ့ကြိုးတံတား တည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ကြိုးတံတားတည်ဆောက်ပြီးစီးပါက ဒွန်းနွဲ့ကျေးရွာ၊ တာပေါက်ကျေးရွာ၊ မိုင်းလွေကျေးရွာ၊ ဝမ်ဇလီကျေးရွာတို့မှ ဒေသခံပြည်သူများအတွက် ကုန်စည်စီးဆင်းမှု၊ ကူးသန်းရောင်းဝယ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးတို့အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)