သတင်းများ

ပေါင်းတည်၌ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများအား ပုံစံ ၂၇ မျိုးနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးဆွေးနွေး
Jan 12,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခန်းမဆောင်၌ ယနေ့နံနက် ၁၀ နာရီက ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား ပုံစံ ၂၇ မျိုးရှင်းလင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ်တွင် စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများကို ဆောင်ဘုံကျေးရွာအုပ်စုသို့ သွားရောက်ဖြည့်ဆည်းဆောင်ရွက်ပေး
Jan 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စုတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြသည်။
ကျိုင်းလပ်မြို့၌ နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်
Jan 12,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ အသိပညာပေးလုပ်ငန်းများကို လစဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ နမ့်ဝမ်းကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)(နမ့်ဝမ်း)သို့ နယ်လှည့်ဟောပြောပွဲ၊ ဓာတ်ပုံပြပွဲ၊ နံရံကပ် စာစောင် ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့လူထုအခြေပြုဗဟိုဌာနတွင် Book Club ၊ Youth Club အဖွဲ့တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Jan 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)၊ ဝါသနာတူလူငယ်များအသင်း(Youth Club)တို့ပူးပေါင်းပြီး စာရေးဆရာရနံ့သိုက်ရေးသားထားသည့် "သင့်အနာဂတ်ကို သင်ကိုယ်တိုင်ဖန်တီးယူပါ"  စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။
ရန်ကင်းမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်
Jan 12,2024
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပွင့်လင်းခြောက်သွေ့သောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့ပေါ်ရပ်ကွက်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက  ဇန်နဝါရီ ၁၁ ရက်နေ့ ည(၇)နာရီအချိန်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
မြစ်သားမြို့နယ် ပြည်သူ့အားကစားကွင်းတွင် ကျောက်ဆည်ခရိုင် လူရည်ချွန် ကျန်းမာရေး စွမ်းရည်စစ်ဆေးမှု လူရည်ချွန်ရွေးချယ်ရေး အားကစားပြိုင်ပွဲ ကျင်းပ
Jan 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတွင် ကျောက်ဆည်ခရိုင် လူရည်ချွန် ကျန်းမာရေးစွမ်းရည်စစ်ဆေးမှု အားကစားနည်းပြိုင်ပွဲ (၅) မျိုးကို ငါးဇွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ် (၅) မြို့နယ်မှ ကျောင်းသား၊ကျောင်းသူများဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်ရှိ ပြည်သူ့အားကစားကွင်းတွင် ကျောက်ဆည်ခရိုင် လူရည်ချွန် ကျန်းမာရေးစွမ်းရည်စစ်ဆေးမှု အားကစားနည်းပြိုင်ပွဲ (၅) မျိုးကို ငါးဇွန်မြို့နယ်၊ တံတားဦးမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်၊ မြစ်သားမြို့နယ် (၅) မြို့နယ်မှ ကျောင်းသား၊ကျောင်းသူများဖြင့် ယနေ့ နံနက်(၉)နာရီအချိန်က ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၆)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ
Jan 12,2024
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။
လိပ်သိုမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး မြို့ပေါ်/ရပ်ကွက်များသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်း
Jan 12,2024
ကရင်ပြည်နယ်၊သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများစာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့်  စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဒေသနေပြည်သူများနှင့် ဝန်ထမ်းများအား  Mobile စနစ်ဖြင့် စာအုပ်စောင်များ ငှားရမ်းပေးခြင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန်က  အမှတ်(၂) ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။