Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
မိတ္ထီလာတက္ကသိုလ်(၄၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Jun 22,2023
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာတက္ကသိုလ် (၄၆)နှစ်မြောက်မွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးကုတ်မြို့နယ် လူထုအခြေအပြုဗဟိုဌာန (Community Centre) ခန်းမ၌ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း အသိပညာပေး (Talk Show) ပြုလုပ်
Jun 22,2023
၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အဖြစ် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကူးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 22,2023
၂၀၂၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့်အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး နံရံကပ်စာစောင်ပြပွဲကို မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နေ့လယ်ပိုင်းက ခင်းကျင်းပြသခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကချင်ပြည်နယ်ဝန်ကြီးချုပ် သယံဇာတရေးရာဝန်ကြီးဌာန၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် အမှိုက်ကောက်ပွဲ၊ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ ကျင်းပသော (၁၂)ကြိမ်မြောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ပွဲသိ
Jun 22,2023
ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီးဌာန၏ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် စုပေါင်းအမှိုက်ကောက်ပွဲ အခမ်းအနားကို ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် ၇ နာရီက မြစ်ကြီးနားမြို့ ကမ်းနားလမ်းရှိ We Love Myitkyina ဆိုင်းဘုတ်အနီး ဧရာဝတီမြစ်ကမ်းဘေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်တို့ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တောင်ကုတ်မြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲပြုလုပ်
Jun 22,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီခွဲအချိန်က အမှတ်(၂)၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အခမ်းအနားမှူးသင်တန်းတွင် သင်တန်းသား သင်တန်းသူများ လက်တွေ့ယှဉ်ပြိုင်မှုအား ကြည့်ရှုအားပေး
Jun 22,2023
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်တင်မိုးသည် ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ကြီးမှူးပြီး မြသလ္လာခန်းမတွင် ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၃ရက်နေ့အထိ ဖွင့်လှစ်သော အခမ်းအနားမှူးသင်တန်း လက်တွေ့ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုး မင်းပြားမြို့သို့ ရောက်ရှိနေသော တပ်မတော်ကမ်းထိုးရေယာဉ်မှ ပစ္စည်း(၁၃)မျိုးအား လေဘေးသင့်ပြည်သူများထံသို့ မြန်မြန်ဆန်ဆန် ရောက်ရှိရေး မြို့နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေး ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေး
Jun 22,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက ရခိုင်ပြည်နယ်အစိုးရ အဖွဲ့၏ သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီနှင့် အလှူရှင်များ ထပ်မံထောက်ပံ့သော စားရေးရိက္ခာနှင့် ထောက်ပံ့ပစ္စည်း(၁၃)မျိုးအား လေဘေးသင့် ပြည်သူများထံသို့ အမြန်ရောက်ရှိရေး မြို့နယ် သဘာဝဘေး ပြန်လည်ထူထောင်ရေးကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ ၌ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
အမ်းမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ
Jun 22,2023
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌ ၂၀၂၃ ခုနှစ်ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူးယစ်ဆေးဝါး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းအား ယမန်နေ့ညနေအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အမှုထမ်း(၂) အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ကျင်းပပြု လုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10919
Page
10920
Page
10921
Page
10922
Current page
10923
Page
10924
Page
10925
Page
10926
Page
10927
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department