လှည်းကူး ဇန်နဝါရီ ၁၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှည်းကူးမြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့်တောင်သူများထံသို့ ထောက်ပံ့ပေးအပ်သည့်(တိုက်ရိုက်မျိုးစေ့ချကိရိယာ) Seeder အလက်(၁၀၃)လက်အား တောင်သူများထံသို့ ပြန်လည်၍ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းကလှည်းကူးမြို့နယ်၊ သနပ်ပြင်ကျေးရွာအုပ်စု၊ တလုပ်ကုန်းကျေးရွာတွင် ကျင်းပသည်။
ဦးစွာ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့်တာဝန်ရှိသူများက နွေစပါးစိုက်ပျိုးမည့်တောင်သူများသို့ တိုက်ရိုက်မျိုးစေ့ချက်ရိယာ (Seeder)များ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့သည် တောင်သူ ဦးအောင်လွင်၏ Seeder အသုံးပြု၍ နွေစပါးစိုက်ပျိုးထားသည့် ရက်(၂၀)သား စပါးပင်အခြေအနေကို ကြည့်ရှု့စစ်ဆေးကာ လယ်မြေ(၅)ဧကတွင် Seeder အသုံးပြု၍ နွေစပါး စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှု့အား ပေးသည်။
ဆက်လက်၍ ဆားတလင်းကျေးရွာအုပ်စု၊ နဘဲပင်ကွင်းအတွင်းရှိ တောင်သူ ဦးကြည်ရွှင်၏ လယ်မြေ(၅)ဧကတွင် Seeder အသုံးပြု၍ နွေစပါးစိုက်ပျိုးခြင်းအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရပြီး ပေးအပ်ပွဲအခမ်းအနားသို့ လှည်းကူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်၊ အဖွဲ့ဝင်(၂) ဦးခင်ဇော်၊ မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များနှင့် တောင်သူအင်အား(၂၁၀)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)