သတင်းများ

မကွေးမြို့ ဈေးလယ်စိုးရပ်ကွက်တွင် မီးလောင်မှုဖြစ်ပွားကာ လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံး
Jan 14,2024
မကွေးတိုင်းဒေသကြီး မကွေးမြို့နယ် ဈေးလယ်စိုးရပ်ကွက်တွင် ယနေ့နံနက် ၁ နာရီ အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူနေအိမ်သုံးလုံး ပျက်စီးဆုံးရှုံးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်း၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပထမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲအခမ်းအနား တက်ရောက်
Jan 14,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ဌာနဆိုင်ရာများနှင့် ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ပိုင်ကျုံမြို့ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မိဘ၊ ဆရာ၊ ကျောင်းသားတွေ့ဆုံပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပ
Jan 14,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာအုပ်စု၊ ဝင်းကမော့ကျေးရွာ အ.လ.က(ခွဲ) ဝင်းကမော့ကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ဟုမ္မလင်းခရိုင်/မြို့နယ်အဆင့်ရှိ စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်များနှင့် တွေ့ဆုံပွဲ ကျင်းပ
Jan 14,2024
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ဟုမ္မလင်းတပ်နယ်မှူး၊ ဗိုလ်မှူးချုပ် သိန်းထွန်းဉီး၊ ဟုမ္မလင်းခရိုင်/မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် ဟုမ္မလင်းခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများနှင့် စိုက်ပျိုးစွမ်းအားမြင့်တင်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ကြသည်။
ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်  ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပဆောင်ရွက်
Jan 14,2024
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဒေါပုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပညာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ ပညာ‌ရေးစုံညီပွဲ‌တော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲအခမ်းအနား ကျင်းပ
Jan 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာ‌ရေးစုံညီပွဲ‌တော်နှင့် ဘက်စုံထူးချွန်ဆု‌ပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်  ၉  နာရီအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း တော်ဝင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်၊ သာယာအေးကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jan 14,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဌမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက သာယာအေးကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲ ကျင်းပ
Jan 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ထူးချွန်ဆုပေးပွဲကို အဆိုပါကျောင်းဝန်း၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့သည်။