အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းခြင်း ဆောင်ရွက်

ရန်ကုန် ဇန်နဝါရီ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများရှင်းလင်းခြင်းကို ယမန်နေ့ညနေ (၅)နာရီက အင်းစိန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။

ဦးစွာ အင်းစိန်မြို့နယ်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထွဋ်က အဖွင့်အမှာစကား ပြောကြားပြီး အင်းစိန်မြို့နယ်၊ သန်းခေါင်းစာရင်းကော်မတီအတွင်းရေးမှူး ဦးညီညီစိုးက ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်းနှင့် မြေပြင်စာရင်းကောက်ယူရေးအဖွဲ့မှ ဆက်လက်ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပန်းခင်းစီမံချက်(၃)ဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများအား အသေးစိတ်ချပြရှင်းလင်းခဲ့ပြီး တက်ရောက်လာသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့သည်။

အဆိုပါ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆောင်ရွက်ရမည့်လုပ်ငန်းများ ရှင်းလင်းခြင်းသို့ အင်းစိန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်စာရေးများ၊ မြို့နယ်လဝကမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)