ငါန်းဇွန် ဇန်နဝါရီ ၁၃
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ယနေ့နံနက် ၉နာရီက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ Grade-10 ကျောင်းသား/သူများက “ကြိုဆိုပါသည် စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးသန့်က အမှာစကားပြောကြားသည်။
ထို့နောက် ငါန်းဇွန်မြို့အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးအောင်မျိုးဦးက စုံညီပွဲတော်ကျင်းပခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ခရိုင်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့် ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများ၊ ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲ (Grade-11)၊ (Grade-9)၊ (Grade-5)၊ ကဗျာပြိုင်ပွဲ (Grade-10 ၊ Grade-8)တွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများ၊ မြို့နယ်အဆင့်(အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်)ပြိုင်ပွဲတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများနှင့် (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကဗျာ၊ စာစီစာကုံး(ထက်၊ လယ်၊ မူ)တွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသော ကျောင်းသား/သူများအား ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာများ၊ ကျောင်းအကျိုးတော်ဆောင်များက ဆုများအသီးသီးချီးမြှင့် ပေးအပ်ခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြပြီး Grade-11 ကျောင်းသား/သူများက “ပြည်မြန်မာ တေးသီချင်း” သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)