မဟာအောင်မြေမြို့နယ်၌ ဝါသနာတူပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ

မဟာအောင်မြေ ဇန်နဝါရီ ၁၃

မန္တ​လေးခရိုင်၊ မဟာအောင်မြေမြို့နယ် အားကစားကွင်း၌ ဝါသနာတူပိုက်ကျော်ခြင်းပြိုင်ပွဲကို တိုင်းနှင်ပြည်နယ်များရှိ အားကစားဝါသနာရှင်များ စုပေါင်းဖိတ်ခေါ်၍ ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဝါသနာတူ ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပရခြင်းသည် လူငယ်အချင်းချင်းချစ်ကြည်ရင်းနှီးမှုရပြီး နိုင်ငံ့အားကစားကောင်းများ ပေါ်ထွက်လာ​စေရန်၊ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြတ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေး​​ခဲ့ပြီး ပြိုင်ဝင်အသင်းများအား OLD STAR CLUB မှကြီးမှူး၍ (၄)ယောက်တွဲပြိုင်ပွဲဖြစ်ပြီး စည်းကမ်းသတ်မှတ်ချက်အဖြစ် အကြီးတန်း(၂)ဦး၊ အငယ်တန်း(၂)ဦး၊ အရံအငယ်တန်း(၁)ဉီး ပါဝင်စေပြီး လက်ရွေးစင်အဆင့် (သို့) ဝန်ကြီးဌာနအဆင့်ကိုသာ အကြီးတန်းအဆင့်သတ်မှတ်ပေးထားကြောင်းနှင့် တိုင်းနှင့်ပြည်နယ် အသင်းပေါင်း (၃၆)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီးပြိုင်ပွဲများကို (၁၀.၁.၂၀၂၄)ရက်နေ့မှ (၁၃.၁.၂၀၂၄)ရက်နေ့အထိ ကျင်းခဲ့ပြီး ဆုရအသင်းသားများအား ဆုများထိုက်တန်စွာ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း