ပိုင်ကျုံမြို့ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကျင်းပ

ပိုင်ကျုံ ဇန်နဝါရီ ၁၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ (၂၅)ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်‌ခေါ်ပွဲကို ဇန်နဝါရီလ ၁၂ ရက်နေ့ ည ၁၀ နာရီအချိန်တွင် ကစိုကျေးရွာ နှစ်သစ်ကူးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် အသည်းမာပွဲလာ အသည်းကောင်းပွဲတောင်းသူ လက်ဝှေ့ဝါသနာရှင် လူငယ်များတို့ရဲ့ အထူးစိန်ခေါ်ပွဲ(၁)ချီ (၂)ချီ ကြားပွဲ ကြားဆိုင်းများနှင့်အောင်လံလုပွဲများ ထိုးသတ်ယှဉ်ပြိုင်လျက်ရှိပြီး လာရောက်ယှဉ်ကြသည့် လက်ဝှေ့ဝါသနာရှင်များအား တာဝန်ရှိသူများက အမှတ်တရဆုတံဆိပ်နှင့် ဆုတော်ငွေများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီးပြိုင်ပွဲကို(၁၃.၁.၂၀၂၄)ရက်နေ့ ည ၇ နာရီအချိန်တွင် ဆက်လက် ကျင်းပသွားမည့်ဖြစ်ကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ ကစိုကျေးရွာ၌ ကျင်းပသည့် (၂၅) ကြိမ်မြောက် ငွေရတု ကရင်အမျိုးသားနှစ်သစ်ကူးနေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို လက်ဝှေ့ဝါသနာရှင် မိဘပြည်သူများအနေဖြင့်  အခမဲ့ လာရောက်ကြည့်ရှုနိုင်ပါကြောင်း သိရသည်။

ပိုင်ကျုံ (ပြန်/ဆက်)