ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၌ ၂၀၂၃-၂၀၂၄ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီ  ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ ဆရာ/ ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

 အဆိုပါ အခမ်းအနားတွင် ကျောင်းသား/ ကျောင်းသူများက “မြန်မာ့ကျောင်းသား” တေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးမြတ်သူရွှေက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က အမှာစကားပြောကြားခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးဇော်မျိုးထွဋ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းအကျိုးတော်ဆောင်များက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအားလည်းကောင်း၊ မြို့နယ်အဆင့်ကျောင်းအဆင့်ရရှိသော ဥာဏဆု၊ ကာယဆုများ အားလည်းကောင်း၊ Grade-(7). (8). (10).(11) ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ထူးချွန်ဆုရ ဆရာ/ ဆရာမများအားလည်းကောင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ကျောင်းသား/သူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရဿည်။

အေးမဉ္ဇူ