ဥတ္တရသီရိ ဇန်နဝါရီ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် ပညာရေးမှူးရုံး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥတ္တရသီရိမြို့နယ် အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းက အဖွင့်အမှာစကားပြောကြားပြီး ဥတ္တရသီရိမြို့နယ်ပညာရေးမှူး ဦးသန်းဆွေက ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ဥတ္တရသီရိမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများက တေးသရုပ်ဖော်အကများ၊ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘက်စုံထူးချွန် လူရည်ချွန်ရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ National ICT Awards-2023 ပြိုင်ပွဲဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် (မြို့နယ်အဆင့်)ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အမျိုးသားအောင်ပွဲနေ့၊ အာဇာနည်နေ့၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ကမ္ဘာကြီးရေရှည်တည်တံ့ခိုင်မြဲဖို့ လူငယ်စွမ်းပကားဖြင့်ဖန်တီးစို့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ World AIDS အထိမ်းအမှတ် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးသန်းဆွေနှင့် တာဝန်ရှိသူများက သီဆိုဖျော်ဖြေသွားကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုကြေးငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)