သတင်းများ

အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ ကလေးနှင့်ဆယ်ကျော် သက်အရွယ်လူငယ်များ စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပ
Jan 16,2024
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ကလေးနှင့် ဆယ်ကျော်သက်အရွယ်လူငယ်များအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်
Jan 16,2024
မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ပုသိမ်ကြီးမြို့နယ်မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးခြင်းစနစ်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် လေ့လာခြင်းကို ယနေ့နံနက်ပိုင်းက ပုသိမ်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ငဖဲမြို့နယ် ကျောင်းကုန်းကျေးရွာအုပ်စုမှ နွားကောင်ရေ ၁၂၄ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေး
Jan 16,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေသခံတောင်သူများမွေးမြူထားသည့် ကျွဲ၊ နွားများတွင် ကျရောက်တတ်သော ရောဂါများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကူးစက်ရောဂါ ကြိုတင်ကာကွယ်ဆေးများနှင့် ကုသဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကျောင်းကုန်းကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာသို့ သွားရောက်၍ နွားကောင်ရေ ၁၂၄ ကောင်အား ကျွဲ၊ နွား ခွာနာလျှာနာရောဂါကာကွယ်ဆေးများ ကွင်းဆင်းထိုးနှံပေးခဲ့သည်။
ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာကျောင်းများ၌   အသိပညာပေးရေးလုပ်ငန်းများ နယ်လှည့်ကွင်းဆင်း ဆောင်ရွက်
Jan 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများတို့မှ ကျောင်းသားလူငယ်များ ပလတ်စတစ်ညစ်ညမ်းမှု၏ ဆိုးကျိုးများကို အသိပညာဗဟုသုတ ပိုမိုရရှိစေရန် ရည်ရွယ်၍ မိုးနိုင်းကျေးရွာအုပ်စုအတွင်းရှိ အခြေခံပညာ မူလတန်းကျောင်းများတွင် အသိပညပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့က  နယ်လှည့်ကွင်းဆင်း ဆောင်ရွက်ခဲ့ သည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/ကျောင်းသူများ ပြင်ပဗဟုသုတတိုးပွားစေရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းဆောင်ရွက်
Jan 16,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးနှင့် ကျောင်းစာအပြင် ပြင်ဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျှက်ရှိရာ ယနေ့မွန်းလွဲ (၁)နာရီအချိန်တွင် အမှတ်(၂) ရပ်ကွက်ရှိအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ပေးပြီး စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း (ဟိုပုံး) ကျောင်းအုပ်ကြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ ကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်
Jan 16,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုရကျောင်းသား/ကျောင်းသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက် (၉) နာရီက အဆိုပါကျောင်းရှိ ဘက်စုံသုံးရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်၊ ဟိုပုံးမြို့နယ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေ၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလေးလွင်နှင့် ကျောင်းအကျိုးတော်ဆောင် အဖွဲ့ဥက္ကဋ္ဌ ဦးတက်စိုးတို့က ပညာရေးစုံညီပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲဆောင်ရွက်
Jan 16,2024
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကိုပျက်သုဉ်းစေနိုင်သည့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကြီးမားပုံကို မျိုးဆက်သစ်လူငယ်များ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို  အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့နံနက် ၉  နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေကျင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ၌ မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်ကျင်းပ
Jan 16,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ရွှေကျင်) ပညာရတနာခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မြိုနယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။