တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ပညာရေးစုံညီပွဲတော် ကျင်းပ

တပ်ကုန်း ဇန်နဝါရီ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတွင် ယာယီမဏ္ဍပ်ဖြင့် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရွေးစုကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးမောင်လှိုင်က အမှာစကားပြောကြား ပြီးနောက် ရွေးစုကျေးရွာ အခြေခံပညာအထက်တန်းကျောင်(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးလွင်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းအဆင့် “A” ရရှိသော ကျောင်းသား၊ ကျောင်းသူများ၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တိုင်းအဆင့်၊ မြို့နယ်အဆင့်၊ ကျောင်းအဆင့် ဘာသာရပ်အလိုက် ထူးချွန်ပြိုင်ပွဲဆုရရှိသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၂၄ ဦးအား အုပ်စုအုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး၊ တက်ရောက်လာသည့် ဧည့်သည်များနှင့် ကျောင်းသားမိဘများအား ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

တင်စိုးလွင်