မိုင်းယောင်း ဇန်နဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် ယမန်နေ့က လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ပြုလုပ်ကျင်းပခဲ့ကြကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ညနေ ၃ နာရီ ၄၅ မိနစ်တွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ကောက်ခံရာတွင် အခွန်များတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအားလည်းကောင်း၊ ညနေ ၄ နာရီ ၄၅ မိနစ်တွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဟိုခုံပရိယတ္တိစာသင်တိုက်ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂန္ဓရသဝံသော၏ သက်တော် (၇၈)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့မင်္ဂလာပွဲနှင့် သိက္ခာထပ်အလှူမင်္ဂလာပွဲကို စည်ကားစွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးအားလည်းကောင်း သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
ထို့အတူ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မွန်းလွဲ ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် ၉၈ ဒသမ ၉၈ သန်းဖြင့် ဟိန်းဆုမြတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် အရှည်ပေ (၁၅၃၁၀)ရှိ မြို့တွင်း မီးလင်းရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)