မိုင်းခတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် လူငယ်အသိပညာ‌ပေးစာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များ ပြသ

မိုင်းခတ်  ဇန်နဝါရီ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးစာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြသခဲ့သည်။

အဆိုပါ လူငယ်အသိပညာပေးပြပွဲတွင် အထွေထွေဗဟုသုတစာအုပ်များ၊ ရုပ်ပုံပြပုံပြင်စာအုပ်များ၊ တိုင်းရင်းသားရိုးရာပုံပြင်စာအုပ်များ၊ ပြည်သူ့နီတိစာအုပ်များ၊ ယဉ်ကျေးလိမ္မာစာအုပ်များပြသခြင်း၊ လူငယ်များအမှားအမှန်သိမြင်ခွဲခြားတတ်စေရန် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် မူးယစ်ဆေးဝါးအသိပညာပေးနံရံကပ်စာစောင်များကို အသိပညာပေးပြသရာ အခြေခံပညာအထက်တန်းကျောင်း(မိုင်းခတ်)မှ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)