နွားထိုးကြီးမြို့နယ် Community Centre ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ

နွားထိုးကြီး ဇန်နဝါရီ ၁၇

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ယမန်နေ့နံနက် (၁၀)နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club)နှင့် နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ ခစာရေးဆရာ သုတေသီ ဘုန်းမြင့်သွေး၏ လူနေချုံကြား စိတ်နေဘုံဖျား စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါစာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဦးတင့်လွင်ဦးမှ စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြပြီး (Book Club) အဖွဲ့ဝင်များက ဘဝကို ချုံကြားမှာထားရင် ချုံကြားမှာပဲ နေမှာပေါ့၊ ချုံကြားကနေ ဘုံဖျားကိုစိတ်ကို ပို့မှ ချုံကြားထဲကလွတ်မယ်၊ အဲဒီမှာစိတ်ကြီးပဲ ပိုနေလို့ တော့မဖြစ်ဘူး၊ စိတ်ကူးယဉ်နေလို့တော့မဖြစ်ဘူး၊ စိတ်ကူးနဲ့အတူလက်တွေ့ရုန်ကန်ကြိုးစား လှုပ်ရှားရမှာ ဖြစ်တယ်၊ စိတ်ကူးယဉ်ရုံ ယဉ်နေရင်တော့ ဘဝဟာချုံကြားထဲမှာ နေမြဲနေမှာပါ ဘိတ်ဆုံးကလည်း ထိပ်ဆုံးရောက်မှာမဟုတ်ဘူး၊ ချုံကြားကနေ ဘုံဖျားရောက်မှာမဟုတ်ဘူးဟု စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး၏ လူနေချံကြား စိတ်ဘုံဖျားစာအုပ်ပါအကြောင်းအရာများမှ နားလည်မှတ်သား ထားရှိမှုများကို နွားထိုးကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန ဝန်ထမ်းများနှင့်အတူ တစ်ဦးချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်