လှည်းကူး ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် အဆောက်အအုံတင်ခြင်းလုပ်ငန်းကို ယမန်နေနံနက်ပိုင်းက လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် လှည်းကူးမြို့နယ်၊ ပြည်တော်သာရပ်ကွက်တွင် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဖြစ်သည့် အဆောက်အအုံတင်ခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲထွန်းနောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်မင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းကြည်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် တာဝန်ရှိသူများကပူးပေါင်း၍ အဖွဲ့ (၂) ဖွဲ့ခွဲကာ အဆောက်အအုံမှတ်တမ်းတင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရာ လှည်းကူးခရိုင် လဝကမှခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွယ်နီခင်မှ အနီးကပ်ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဇန်နဝါရီလ (၁၆) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ အဆောက်အအုံစာရင်း မှတ်တမ်းတင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)