အလုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနား ကျင်းပ

အလုံ ဇူလိုင် ၁၇

အလုံမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာအသိပညာပေး ဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲအချိန်ခန့်က အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င်(၂) ဦးအောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ်နှင့်စာ‌ပေခေါင်းစဉ်ဖြင့်လည်း‌ကောင်း၊ မြို့နယ်တိုင်းရင်း‌ဆေးကုဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မေသန်းမြင့်ထွေးက ကျန်းမာရေးဆိုင်ရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူထွန်းက လူငယ်ရေးရာအသိပညာပေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဒေါ်စုစုခင်က လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။

ယင်းနောက် ကရာတေးဒိုအားကစားအဖွဲ့နှင့် Fitness Dance အဖွဲ့တို့မှ သရုပ်ပြသခဲ့ပြီး အားကစားပစ္စည်းများ‌ ပေးအပ်လှူဒါန်းခြင်းနှင့် အားကစားသရုပ်ပြအဖွဲ့အား ဂုဏ်ပြုစုငွေများကို မြို့နယ်အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟစိုးနှင့် မြို့နယ်ပညာရေးမှူး ဒေါ်လှကြူမာတို့က ပေးအပ်ခဲ့ကြသည်။

ထို့‌နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးကြိုက်ရုပ်ပြများ၊ ပုံပြင်စာအုပ်များ၊ တေဇရုပ်ပြစာအုပ်များပြသခဲ့ပြီး လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး၊ အာဇာနည်နေ့အထိမ်းအမှတ် နံရံကပ်စာစောင်၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ယောဧရာ (မြို့နယ် ပြန်/ဆက်)