ကျောက်ဆည် ဇူလိုင် ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ယမန့်နေ့နံနက်ပိုင်းက မြို့မဈေးအရှေ့ဘက်ရှိ ဒေါ်စန်းစန်းဌေး (နေလသုခ-၂) စားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေးဆိုင်မှ ဆီဝယ်ခွင့်စာအုပ်တစ်အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သက်သာသောဈေးနှုန်းဖြင့် ကျန်းမာရေးနှင့်ညီညွှတ်ပြီး သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီသည့် စားအုန်းဆီများရောင်းချပေးနိုင်ရေး Resources Group Trading ကုမ္ပဏီလီမီတက်မှ ရည်ညွှန်းဈေး (၆၀၃၀) ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ကျောက်ဆည်မြို့ ဈေးတန်းရပ်ကွက်နှင့် မင်းရပ်ရပ်ကွက်အတွင်းရှိ ပြည်သူများအား စားအုန်းဆီတစ်ပိဿာလျှင် (၇၁၁၅) ကျပ်ဖြင့် (၃၃၀) ပိဿာ ရောင်းချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)