မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ အခြေခံပညာ‌ကျောင်းများတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြသည်။

ထိုသို့ကွင်းဆင်း၍ ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးမင်းထွန်း ဦးဆောင်ကြီးကြပ်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများ အမှတ်(၁၈)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်း၊ အမှတ်(၃၉) အခြေခံပညာမူလတန်းကျောင်း၊ ငြိမ်းကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခြင်း၊ အထွေထွေကျန်းမာရေးစစ်ဆေးပေးခြင်း၊ မျက်စိကျန်းမာရေးစစ်ဆေးပေးခြင်း၊ သံဓာတ်အားဆေးတိုက်ကျွေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးခဲ့ကြ‌ကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)