စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့် အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်

စစ်ကိုင်း ဇူလိုင် ၁၇

စစ်ကိုင်းမြို့တွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ မန္တလေးငလျင်ဘေးဒဏ်သင့် အာမခံအလုပ်သမားများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ မိသားစုထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းမြို့ရှိ နှစ် ၇၀၀ အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူချုပ် ဦးကျော်ကျော်ဦးက အဖွင့်အမှာစကားပြောကြာပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်ထံ အာမခံအလုပ်သမား (၁၅၃၈) ဦးအတွက် လူမှုဖူလုံရေးထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်းအတွက် ငွေကျပ်(၉၇.၇၃၈)သန်းအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီးအစိုရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်၊ ခေတ္တညွှန်ကြားရေးမှူချုပ် ဦးကျော်ကျော်ဦးတို့က ငလျင်ဒဏ်ကြောင့် လုပ်ငန်းခွင်အတွင်း ထိခိုက်သေဆုံးသွားသည့် အာမခံအလုပ်သမားများအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး အာမခံအလုပ်သမားများနှင့် မိသားစုဝင်များကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးအောင်၊ အလုပ်ရုံမှူး ဦးစိုးလွင်၊ ဦးစီးအရာရှိ ဒေါ်မေဇင်မိုးတိုက ကျေးဇူတင်စကားပြောကြားခဲ့ကြကြောင်း သိရသည်။

နေလင်းအောင်