ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျရောက်မည့်(၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း(ပြည်ကြီးမဏ္ဍိုင်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ကေခိုင်ဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည် (၉)ဦး၏ အတုယူဖွယ်၊ မှတ်သားဖွယ်ရာများအပြင် ကျောင်းစာကို ကြိုးစားသင်ယူကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာပေများကိုပါ လေ့လာဖတ်ရှုသင့်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အနာဂတ်ကာလ၌ အသိပညာကြွယ်ဝသည့် နိုင်ငံသားကောင်း၊ သမီးကောင်းများ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်းတို့ကို တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အားအကျယ်တဝင့် ဟောပြောခဲ့ကြောင်းသိရသည်။
ဆက်လက်၍ အာဇာနည်ကိုးဦး၏ အတ္ထုပ္ပတ္တိများ၊ အာဇာနည်နေ့နှင့်ပတ်သက်သည့် ဆောင်းပါး၊ကဗျာ ကာတွန်းများပါဝင်သည့် နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)