ပြည်ကြီးမဏ္ဍိုင် ဇူလိုင် ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျောင်းနှင့်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပစေရေးအတွက် စုပေါင်းသစ် ပင်စိုက်ပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးရာတွင် အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်) မှ ကျောင်းအုပ်ဆရာမကြီး နော်ဖောဆေးဝါး၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ ကျောင်းကောင်စီအလိုက် ဖွဲ့စည်းထားသော အနော်ရထာအသင်း၊ ကျန်စစ်သားအသင်း၊ ဘုရင့်နောင်အသင်း၊ အလောင်းဘုရားအသင်းနှင့် ဗန္ဓုလအသင်းဟူ၍အသင်းအလိုက် သရက်၊ အုန်းပင်၊ ရွက်လှပင်၊ ကွမ်းပင်၊ ဇီဇဝါပင်၊ နာနတ်ပင်နှင့်ပိန္နဲပင်များကို အသင်းအလိုက် စိုက်ပျိုးကြကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)