ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြပွဲလုပ်ငန်း ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ ဇူလိုင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇူလိုင်၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ် မြောက်အာဇာနည်​နေ့ အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင်လ ၁၆ ရက်နေ့က  အ-မ-က နို့ထို့ခေးနှင့်ပိန္နဲကုန်းကျောင်းတို့၌ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ရှေဦးစွာ ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက နည်လှည့်အသိပညာပေးကွင်းဆင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပြီး  အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ကြီးများအား လုပ်ကြံခံရပုံ၊ အာဇာနည်ကြီးများတို့၏ အသက်သွေးများဖြင့် ရယူခဲ့သည့်လွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းရမည့် အကြောင်းများနှင့် ကျောင်းသားလူငယ်များအနေဖြင့် အနာဂတ်တွင် စည်းကမ်းပြည့်ဝပြီး လူတော်လူကောင်းဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း အသိပညာ ပေး မှာကြားဆွေးနွေးခဲ့သည်။

ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ တိုးတက်စေရေးအတွက် ကျောင်းဖွင့်သည့်ကာလအတွင်း အခြေခံပညာကျောင်းများသို့ အသိပညာပေးရေးလုပ်ငန်းများကို လစဉ်နယ်လှည့်ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)