ကံမ ဇူလိုင် ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁) နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ်ပိုစတာများပြသခြင်းကို အမှတ်(၃)ရပ်ကွက်၊ မဒေးဝအခြေခံပညာမူလတန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆင့်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် စာဖတ်ခြင်းမှရရှိသော အကျိုးကျေးဇူးများအကြောင်းအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ဓါတ်ပုံနှင့်နံရံကပ်စာစောင်များကိုပြသရာ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မှတ်တမ်းဓါတ်ပုံများ၊ ကျောင်းသား/ကျောင်းသူများ သိသင့်သိထိုက်သော အာဇာနည်နေ့သမိုင်းကြောင်းများအားပြသခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)