သာစည်မြို့နယ်တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jul 17,2025
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် မူလန်းအဆင့်ကဗျာရွတ်ဆိုပြိုင်ပွဲတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သင်းသင်းက ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး၊ မြို့နယ်စာရေးဆရာအသင်းမှ ကဗျာဆရာဝေးရင့်သီက အမှတ်ပေး စည်းမျဉ်းစည်း ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြုင်ပွဲကျင်းပရာ အ-ထ-က၊ အ-လ-ကနှင့်အ-မ-က ကျောင်း(၁၂)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူ (၄၈)တို့က အာဇာနည်အငွေ့အသက်ပါသော စိတ်ကြိုက်ကဗျာများ ဖြင့် ယှဉ်ပြိုင်ခဲ့ကြသည်။