သံတောင်ကြီးဒေသတွင် ကော်ဖီစိုက်ပျိုးသူများ ပိုမိုများပြားလာ

သံတောင်ကြီး ဇူလိုင် ၁၇

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်၍ ဉယျာဉ်ခြံလုပ်ငန်းများကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ကော်ဖီစိုက်ပျိုးခြင်းလုပ်ငန်းသည်လည်း တစ်ခုအပါအဝင်ဖြစ်ပြီး ယခုနှစ်တွင် ကော်ဖီစေ့များ ဈေးကောင်းရရှိခြင်းကြောင့် ဒေသခံပြည်သူများမှာ ကော်ဖီစိုက်ပျိုးချိန်ဖြစ်သည့် ဇူလိုင်လမှဩဂုတ်လအတွင်းကော်ဖီပျိုးပင်များကိုမိမိတို့၏ ဉယျဉ်ခြံမြေများ၌ပိုမိုစိုက်ပျိုးလာကြကြောင်း သိရသည်။

အဆိုပါ  ဒေသခံပြည်သူများမှာအများအားဖြင့်(၂)နှစ်သားကော်ဖီပျိုးပင်များကိုစိုက်ပျိုးပြီး(၃)နှစ်ခန့်တွင် အပွင့်များ စတင်ဖူးပွင့်လာပြီး(၄)နှစ်ခန့်တွင်  အသီးများကို စတင်ခူးယူနိုင်သည်။ ဒေသခံပြည်သူများ  စိုက်ပျိုးသောကော်ဖီ  အမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော်ဖီ)နှင့် ရိုဘက်စတာကော်ဖီ (အပင်မြင့်ကော်ဖီ)ပင်များကိုအများအားဖြင့်စိုက်ပျိုးကြသည်။လွန်ခဲ့သောနှစ်များတွင် ကော်ဖီများဈေး ကောင်းမရရှိခြင်းကြောင့် ကော်ဖီစိုက်ပျိုးသူနည်းပါးသော်လည်း ယခုနှစ်တွင် ကော်ဖီစေ့တစ်ပိဿာ ကိုကျပ် (၄၀၀၀၀)မှကျပ်(၄၂၀၀၀)အထိရရှိပြီး ဈေးကောင်းရရှိခြင်းကြောင့် ကော်ဖီစိုက် ပျိုးသူများပိုမို များပြားလာကြောင်း သိရသည်။

နော်နော်မူ