ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၇
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ဥပဒေအအထောက်အကူပြုအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က အမှတ် (၅) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ၎င်းကျောင်းမှကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာအုပ်စာပေဖတ်ရှုလေ့လာရခြင်း၏ အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှုအန္တရာယ် အကြောင်းအရာများအားလည်းကောင်း မြို့နယ်ဥပဒေအထောက်အကူပြုအဖွဲ့မှ ဥပဒေအကြံပေးက ကလေးအလုပ်သမားလျော့နည်းပပျောက်ရေးနှင့် မူးယစ်ဆေးဝါး အန္တရာယ်သိကောင်းစရာများအား ဟောပြောခဲ့ကြောင်း သိရသည်။
ယင်းနောက် ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ဓာတ်ပုံများအား လိုက်လံကကည့်ရှု လေ့လာမှတ်သားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)