သတင်းများ

လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ “ယာဉ်စည်းကမ်း လမ်းစည်းကမ်း” အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Jul 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန Online မှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ‌ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများကိုယ်တိုင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်ပြီး သိရှိလိုက်နာ ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန် ရည်ရွယ်၍ အသိပညာပေး Talk Show ကို ယနေ့ နံနက် ၉ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ " မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ လူထုအကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်
Jul 03,2023
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့တွင် "မြန်မာအမျိုးသမီးများနေ့" ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ လမ်းဘေး ဝဲယာတစ်လျှောက်နှင့် စုပေါင်းဂိတ်တွင်  ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။
ကျောက်ဆည်မြို့နယ်၌ ဝါတစ်ပိဿာ (၂၅၀၀)ကျပ် ရောင်းချရသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေ
Jul 03,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ဝါတစ်ပိဿာ (၂၅၀၀)ကျပ် ရောင်းချရသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
အိမ်မဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ အခွန်လွတ်စျေးတွင် ရောင်းချပေး
Jul 03,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲ ကျင်းပမည်
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုလမ်မြို့တွင် (Biometric) အချက်အလက်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခိုလမ်မြို့ရှေ့တန်းရုံး လဝကမှူး ဒေါ်ကေသီအေးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကျင်းပ
Jul 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့၊ မြို့မပရိယတ္တိစာသင်တိုက်တွင် အဂ္ဂမဟာမဏ္ဍိတဘွဲ့တံဆိပ်တော်ရ ဆရာတော်အား ဂုဏ်ပြုပူဇော်ပွဲ ကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ၊ မြို့မပရိယတ္တိစာသင်တိုက်တွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် အဂ္ဂမဟာမဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အားဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော သံဃာတော်များနှင့် သီလရှင်များ ကြွရောက်တော်မူပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။