အိမ်မဲမြို့နယ်တွင် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ အခွန်လွတ်စျေးတွင် ရောင်းချပေး

အိမ်မဲ ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် အခြေခံစားသောက်ကုန်များကို စျေးလျော့ချ၍ ယနေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများက ပူးပေါင်း၍ အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့သည်။

ထိုကဲ့သို့ရောင်းချပေးရာတွင် အိမ်မဲမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆန်(၃)အိတ်၊ ကြက်ဥ (၃၀၀) လုံး၊ ဝက်သား (၅) ပိဿာကို စျေးလျော့ချ၍လည်းကောင်း စားသုံးဆီ(၁)ပိဿာလျှင် ၄၃၀၀ ကျပ်ဖြင့် ပိဿာ(၁၀၀)အား အခွန်လွတ်စျေးတွင် ရောင်းချပေးခဲ့ရာ ပြည်သူများက ပျော်ရွှင်စွာ ဝယ်ယူလျက်ရှိသည်။

“ကျွန်တော်တို့စည်ပင်သာယာရေးအဖွဲ့အနေနဲ့ တာဝန်ရှိသူတွေနဲ့ပူးပေါင်းပြီး မြို့နယ်အတွင်းမှာ ရှိတဲ့ ပြည်သူတွေ စားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးတာ ဖြစ်ပါတယ်။ အခုလိုရောင်းချခြင်းများကို မြို့ပေါ်(၅)ရပ်ကွက်မှာ တနင်္လာနေ့တိုင်း တစ်ပတ် တစ်ကြိမ်လှည့်လည် ရောင်းချသွားမှာဖြစ်ကြောင်း” မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင် အရာရှိ ဦးမျိုးဇော် ပြောကြားချက်အရသိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)