ကျောက်ဆည် ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ဝါတစ်ပိဿာ (၂၅၀၀)ကျပ် ရောင်းချရသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဝါတစ်ဧကစိုက်ပျိုးပါက မြေပြင်ခြင်း၊ ထည်ထိုးခြင်း၊ စိုက်ကြောင်းဆွဲခြင်း၊ စိုက်ပျိုးပြုစုခြင်း၊ မျိုးစေ့ချခြင်း၊ သားခွဲခြင်း၊ အပင်ဖာခြင်း၊ လက်ပေါင်းလိုက်ခြင်း၊ မြေဩဇာထည့်ခြင်း၊ ဆေးဖျန်းခြင်း၊ ကြားထွန်လိုက်ခြင်း စသည်တို့အတွက် ငွေ(၄၅၀၅၀၀)ကျပ် ကုန်ကျကြောင်းနှင့် မျိုးစေ့ဖိုး၊ ကွန်ပေါင်း၊ ယူရီယား၊ အေမီဒါ၊ မှိုသတ်ဆေး၊ ကလိုပိုင်ရီဖော့၊ ကာတက်၊ အစီဖိတ်၊ ရွက်ဖျန်းအားဆေး၊ မျိုးစေ့လူးနယ်ဆေး၊ ဝါကောက်သိမ်းခြင်းများအတွက် ငွေ(၂၉၆၆၀၀)ကျပ် စုစုပေါင်း(၇၄၇၁၀၀)ကျပ် ကုန်ကျကြောင်း သိရှိရကာ ထွက်နှုန်းအနေဖြင့် တစ်ဧက (၅၄၄)ပိဿာထွက်ရှိပြီး တစ်ပိဿာ(၂၅၀၀)ကျပ် ရောင်းချရသဖြင့် (၁၃၆၀၀၀၀)ကျပ် ပြန်လည်ရရှိကာ ဝါတစ်ဧကတွင် ငွေ(၆၁၂၉၀၀)ကျပ် အကျိုးအမြတ်ရရှိသဖြင့် ဝါစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ချည်မျှင်ရှည်ဝါသီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ရွှေတောင်(၈)၊ ရွှေတောင်(၁၀)နှင့် B-31 ဝါမျိုးစေ့များကို သင်္ဂတုံကျေးရွာတွင် (၁၇)ဧက၊ ကလေးကျေးရွာတွင် (၁၀)ဧက၊ မှိုင်းပန်ကျေးရွာတွင် (၆၇၅)ဧက၊ ရှမ်းတောင်ဦးကျေးရွာတွင် (၁၀၄)ဧက၊ ရဲဘော်ကြီးကျေးရွာတွင် (၁၇၂၇)ဧက၊ သွင်းအားစုနည်းပညာအချက်အလက်များအား စနစ်တကျ ပံ့ပိုးကူညီပေးလျက်ရှိကြောင်း သိရသည်။ သပြေဝန်းကျေးရွာတွင် (၅၀)ဧက၊ သပြေဦးကျေးရွာတွင် (၁၀၀)ဧက၊ ရဲယမန်းကျေးရွာတွင် (၃၅၃၉)ဧက၊ သံရွာကျေးရွာတွင် (၅၀)ဧက၊ ပေါင်လောင်ကျေးရွာတွင် (၇၀၂)ဧက၊ တောင်တော်ကျေးရွာတွင် (၂၄၆)ဧက၊ ကုလားကျောင်းကျေးရွာတွင် (၇၂)ဧက၊ ကင်းကျေးရွာတွင် (၁၇၂)ဧက စုစုပေါင်း(၇၄၆၄)ဧက စိုက်ပျိုးနိုင်ရန်အတွက် ရွှေတောင်(၈)ဝါမျိုးစေ့ (၁၃၃၀၅)ပိဿာ၊ ရွှေတောင်(၁၀) ချဉ်မျှဉ်ရှည် ဝါမျိုးစေ့ (၇၂၈၇)ပိဿာ၊ B-31 ဝါမျိုးစေ့ (၄၅၀)ပိဿာ စုစုပေါင်း ဝါမျိုးစေ့(၂၁၀၄၂)ပိဿာအား တောင်သူများလက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)