ဝိုင်းမော်မြို့နယ်၌ " မြန်မာအမျိုးသမီးများနေ့"ကို ဂုဏ်ပြုသောအားဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ လူထုအကျိုးပြုစုပေါင်း သန့်ရှင်းရေးဆောင်ရွက်

ဝိုင်းမော် ဇူလိုင် ၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်း‌မော်မြို့တွင် "မြန်မာအမျိုးသမီးများနေ့" ကို ဂုဏ်ပြုသောအားဖြင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း၍ လူထုအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာ လမ်းဘေး ဝဲယာတစ်လျှောက်နှင့် စုပေါင်းဂိတ်တွင်  ယနေ့ နံနက် ၇ နာရီက ဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးကြည်ထွန်း၊ မြို့နယ်စည်ပင်သာယာ‌ရေးဥက္ကဋ္ဌ ဦးစန်းနိုင်၊ အမူဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဂျွန်စယ်နှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမူရေးအသင်းအဖွဲ့များက မြစ်ကြီးနား-ဝိုင်း‌မော်ကားလမ်းတစ်လျှောက်စွန့်ပစ်ထားသော ပလတ်စတစ်အမှိုက်များကောက်ခြင်း၊ ကချင်ပြည်နယ်မှကြိုဆိုပါ၏ မုဒ်ဦးအနီးပတ်ဝန်းကျင်ရှိ မြက်ပင်များ မြက်ဖြတ်စက်ဖြင့်ရှင်းလင်းခြင်း၊ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် အမှိုက်သယ်ယာဥ်ဖြင့် အမှိုက်များစနစ်တကျ စွန့်ပြစ်ခြင်း  စုပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာသို့ ဝိုင်းမော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမူရေးအသင်းအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖြူစင် (ပြန်/ ဆက်)