ဝမ်းတွင်း ဇူလိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ချေးငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး Sop ပါ လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် သမဝါယမ အသင်းသား တောင်သူ (၇၅)ဦးအား မိုးစပါးစိုက်ဧက (၂၁၄)အတွက် ပံ့ပိုးချေးငွေ (၄၂၈)သိန်းအား ပေးအပ်ခဲ့ပြီး စာချုပ် ချုပ်ဆိုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး မြို့နယ်သမဝါယမ ဦးစီးဌာန၊ ဦးစီးအရာရှိနှင့် မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌတို့မှ ရွာရှည်ကျေးရွာ၊ အင်းခမ်းကြီး ကျေးရွာစသည့် ကျေးရွာ သမဝါယမအသင်းများသို့ ငွေကျပ်(၄၂၈)သိန်းနှင့် တန်ဖိုးညီမျှသော မျိုးစပါးများ၊ စမ်းဝတီသဘာဝမြေသြဇာများ၊ အာမိုနှင့် ပုလဲဓာတ်မြေ သြဇာများကို အသင်းသား တောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်