တန့်ယန်း ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမား ကောင်းများ ပေါ်ထွန်းလာစေရန်နှင့် ဘောလုံးအားကစား အဆင့်အတန်း တိုးတက်မြင့်မားလာစေရန်အတွက် ရည်ရွယ်ကာ ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား မိုးရာသီ(အမျိုးသား) ဘောလုံးပြိုင်ပွဲကို မကြာမီကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ရပ်ကွက်နှင့် ကလပ်အသင်းများ ကိုယ်စားပြု၍ ပါဝင်ယှဉ်ပြိုင်ရန် စာရင်း ပေးသွင်းထားသည့်အသင်း ၁၃ သင်းရှိကြောင်းနှင့် ပြိုင်ပွဲအုပ်စုများအား မဲခွဲဆုံးဖြတ်ခြင်း၊ စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ခြင်း၊ အသင်းဝင်များစိစစ်ခြင်းများကို ဆက်လက်ဆောင်ရွက်သွား၍ ပြိုင်ပွဲအား မကြာမီ ကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိထံမှ သိရသည်။
မင်းလွင်ဦး(ပြန်/ ဆက်)