ခိုလမ်မြို့တွင် (Biometric) အချက်အလက်စာရင်းကောက်ယူခြင်း လုပ်ငန်းများ ဆောင်ရွက်

ခိုလမ် ဇူလှိုင် ၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ခိုလမ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခိုလမ်မြို့ရှေ့တန်းရုံး လဝကမှူး ဒေါ်ကေသီအေးနှင့် ဝန်ထမ်းများက (Biometric) အချက်အလက် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာရုံးများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ၄င်းတို့၏ မိသားစုဝင်များ၊ (Biometric) အချက်အလက်များ ကောက်ယူခြင်းကို နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး၊ ဂဏန်း(၁၀)လုံး ပါဝင်သည့် Unique ID နံပါတ်ပါ ကတ်ပြားများကို အချိန်နှင့်တပြေးညီ ဆက်လက်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ခိုလမ် (ပြန်/ဆက်)