သတင်းများ

ကံမမြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး campaign ပြုလုပ်
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်၊ ကြွပ်ကြွပ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာ မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများ ပလတ်စတစ်ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက်၊
လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်
Jul 03,2023
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ရန်ရည်ရွယ်၍ ယာဉ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေး
Jul 03,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စာအုပ်၊ စာစောင်များအလွယ်တကူ ဖတ်ရှုလေ့လာနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် သွားရောက်ငှားရမ်းခြင်းများဆောင်ရွက်
Jul 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နားကန်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများစာအုပ်၊ စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက်  Mobile Library စနစ်ဖြင့်  ယနေ့ နံနက်(၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း
ဝမ်းတွင်းမြို့နယ်တွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ
Jul 03,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်လုံးဆိုင်ရာ ပထမအကြိမ် သာသနာနုဂ္ဂဟ စာအောင်ပွဲအခမ်းအနားကျင်းပ
Jul 03,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် သံဃာတော်များ ကြီးမှူးကျင်းပပြုလုပ်သော မြို့နယ်လုံးဆိုင်ရာ “သာသနာနုဂ္ဂဟ” စာအောင်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁၂ နာရီက မြကန်သာရပ်ကွက်အတွင်းရှိ ဇဝနာရာမစာသင်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့တွင် ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး
Jul 03,2023
စစ်ကိုင်းခရိုင်သစ်တောဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင် စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းဆောင်ရွက်
Jul 03,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ ပိုမိုတိုးပွားလာစေရန် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အမှတ်(၁၁)တွင် ပါရှိသော စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော "ကလေး စိတ်ပညာ” ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို (Youth Club) အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။