လားရှိုး ဇူလိုင် ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ရှိ၊ မြို့မပရိယတ္တိစာသင်တိုက်တွင် အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲနှင့် အဂ္ဂမဟာမဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်အားဂုဏ်ပြုပူဇော်ပွဲကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းတိုက်၌ ကျင်းပပြုလုပ်ရာ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော သံဃာတော်များနှင့် သီလရှင်များ ကြွရောက်တော်မူပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တပုညနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကာ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် မေတ္တသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး တိုင်းမှူးက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်မြို့မပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တကလျာဏထံ အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်အား ဆက်ကပ်သည်။
ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာကြသည့် ဆရာတော်သံဃာတော်တို့အား တိုင်းမှူးနှင့်တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်