သတင်းများ

ပုသိမ်မြို့၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ် ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်
Jul 03,2023
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်အကောင်းဆုံး ခရိုင်၊ မြို့နယ်ကျောင်းများနှင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူ များအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားအား ယမန်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင် တိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရွှေဘိုတက္ကသိုလ်တွင် မြန်မာအမျိုးသမီးများ​နေ့ အထိမ်းအမှတ် မိုးရာသီစု​ပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2023
စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုတက္ကသိုလ်တွင်၊ သစ်​တောဦးစီးဌာနမှကြီးမှူးကျင်းပ​သော မြန်မာအမျိုးသမီးများ​နေ့အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲကို သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အပူဒဏ်ကာကွယ်နိုင်ရေးနှင့် သစ်တောသစ်ပင်များကို တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍
သထုံမြို့၌ အကြိုအခြေခံမီးသတ်သင်တန်း (၁/၂၀၂၃)ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 03,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေးလုပ်ငန်းများ၌ စွမ်းရည်ပြည့်ဝစေရေးအတွက် အကြိုအခြေခံမီးသတ်သင်တန်း အမှတ်စဉ် ၁/၂၀၂၃ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်က သထုံခရိုင် မီးသတ်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။
မြန်အောင်၌မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 03,2023
ဇူလိုင်(၃)ရက် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်ရေနံမြေဝန်း၌ ယနေ့နံနက် ၈း၀၀ ကကျင်းပခဲ့သည်။
မင်းတုန်းမြို့နယ်တွင် အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပ
Jul 03,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် သဘာဝပေါက်သည့် သစ်ပင်များ လျော့နည်းလာမှုကြောင့် ရာသီဥတုပူပြင်းလာမှု၊ မိုးရေချိန်နည်းလာမှုနှင့် လေထုညစ်ညမ်းမှုများ ပြန်လည်လျော့ကျလာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၇ နာရီခွဲက မြို့နယ်သစ်တောဦးစီးဌာနက
မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်
Jul 03,2023
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာအသင်းမှ လစဥ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်တောင်းမြို့နယ်ရုံးတွင် မြန်မာအမျိုးသမီးများအနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Jul 03,2023
၂၀၂၃ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံ အသိပညာပေး Talk Show ကို၊ ယနေ့ နံနက်(၉:၃၀)နာရီက ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြု ဗဟိုဌာန Community Centry တွင် ကျင်းပပြုလုပ်ခဲ့ကြောင်သိရ သည်။
သဲကုန်းမြို့နယ်၌ ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်း လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်ပေး
Jul 03,2023
ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပညာ​ရေးဝန်ထမ်းများအား ဇီဝဆိုင်ရာအချက်အလက်(Biometric Data) ကောက်ယူခြင်း လုပ်ငန်းစဉ်များကို ယနေ့နံနက်ပိုင်းက မြို့နယ်ပညာ​ရေးမှူးရုံးတွင် ကောက်ယူလျက်ရှိ​ကြောင်း သိရသည်။